These courses are for the advanced computer users who are interested in programming.

  • Android သည် Smart Phone များနှင့် Tablet Computer များ ကဲ့သို့သော Mobile Device များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Linux အခြေခံ Open Source Operating System တစ်ခုဖြစ်သည်။
  • ယနေ့ခေတ် ထွက်ရှိသမျ Mobile Device အားလုံးနီးပါးတွင် အသုံးပြုထားသော၊ လူသုံးအများဆုံးဖြစ်သော Mobile Operating System ဖြစ်သည့်အတွက် Android Application များ develop လုပ်ခြင်းသည် Mobile Device အားလုံးနီးပါးအတွက် develop လုပ်ရာရောက်ပါသည်။
  • Java programming language ကို အသုံးပြု၍ Android Application များဖန်တီးမှုအခြေခံများကို ဤ course တွင် လေ့လာသင်ယူနိုင်မည်ဖြစ်သည်။


ဘယ်သူတွေတက်ရောက်သင့်လဲ?
  • Programming language တစ်ခုခုကို အခြေခံတတ်ကျွမ်းပြီး၍ Android Application များ develop လုပ်ရန် စိတ်အားထက်သန်နေသူများအတွက် ဤ course ကို ပြင်ဆင်ထားပါသည်။
  • ပြီးမြောက်အောင်လေ့လာသင်ယူပြီးပါက Android Application များ ရေးဆွဲရာတွင် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။


လိုအပ်ချက်များ
  • ဤ course ကို လေ့လာမည့်သူသည် Programming အခြေခံများကို သိရှိပြီးဖြစ်ရမည်။
  • အကယ်၍ Programming အခြေခံကို မသိပါက ဂုဏ်စွမ်းရည် online computer သင်တန်းရှိ Software Engineering course နှင့် C++ course များကို ဦးစွာလေ့လာရန် အကြံပြုအပ်ပါသည်။


လေ့လာသင်ယူရမည့်ပုံစံ
  • သင်ခန်းစာတစ်ခုစီတိုင်းတွင် ပါဝင်သည့် Lecture Note များနှင့် Practical Video များကို လေ့လာပြီးနောက် Chapter တစ်ခုချင်းစီအတွက် Assessment Quiz များကို ဖြေဆိုရမည်ဖြစ်သည်။
  • Chapter အားလုံးအတွက် Assessment Quiz အားလုံးကို ဖြေဆိုအောင်မြင်ပြီးပါက Course End Test အနေဖြင့် User Interview (နှုတ်ဖြေ) ဖြေဆိုအောင်မြင်ပြီးနောက် သင်တန်းပြီးဆုံးမည်ဖြစ်သည်။

WordPress သည် dynamic websites များနှင့် blog များကို တည်ဆောက်ရာတွင် အသုံးပြုသည့် open source Content Management System (CMS) တစ်မျိုး ဖြစ်သည်။ WordPress သည် ရေပန်းအစားဆုံး blogging system တစ်ခုဖြစ်ပြီး ၎င်း၏ back-end CMS နှင့် component များမှတစ်ဆင့် website ကို update လုပ်ခြင်း၊ စိတ်ကြိုက်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်သည်။ website များကို လွယ်ကူစွာ ဖန်တီးနိုင်သော WordPress ၏ အခြေခံများကို ဤ course တွင် လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

ဘယ်သူတွေတက်ရောက်သင့်လဲ?

HTML နှင့် CSS ကို အခြေခံတတ်ကျွမ်းပြီး၍ website များ develop လုပ်ရန် စိတ်အားထက်သန်နေသူများအတွက် ဤ course ကို ပြင်ဆင်ထားပါသည်။ ပြီးမြောက်အောင်လေ့လာသင်ယူပြီးပါက WordPress ကို အသုံးပြု၍ website များ သို့မဟုတ် blog များ ရေးဆွဲရာတွင် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

လိုအပ်ချက်များ

ဤ course ကို လေ့လာမည့်သူသည် HTML နှင့် CSS ၏ အခြေခံများကို သိရှိပြီးဖြစ်ရမည်။ အကယ်၍ HTML နှင့် CSS ကို မသိပါက ဂုဏ်စွမ်းရည် online computer သင်တန်းရှိ Web Development course ကို ဦးစွာလေ့လာရန် အကြံပြုအပ်ပါသည်။

လေ့လာသင်ယူရမည့်ပုံစံ

သင်ခန်းစာတစ်ခုစီတိုင်းတွင် ပါဝင်သည့် Lecture Note များနှင့် Practical Video များကို လေ့လာပြီးနောက် Chapter တစ်ခုချင်းစီအတွက် Assessment Quiz များကို ဖြေဆိုရမည်ဖြစ်သည်။ Chapter အားလုံးအတွက် Assessment Quiz အားလုံးကို ဖြေဆိုအောင်မြင်ပြီးပါက Course End Test အနေဖြင့် User Interview (နှုတ်ဖြေ) ဖြေဆိုအောင်မြင်ပြီးနောက် သင်တန်းပြီးဆုံးမည်ဖြစ်သည်။


Software Engineering ကို အခြေခံမှစ၍ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

Web Development ကို အခြေခံကနေစပြီး လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။